LaborWorkLABORWORK
စတင်ရန်
ဝင်ရန်စတင်ရန်

ရက် (၉၀) အကြောင်းကြားခြင်း ဝန်ဆောင်မှု

Non-LA ဗီဇာအမျိုးအစား ကိုင်ဆောင်ထားသည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံသားများအတွက် အဆင်ပြေပြီး ဈေးနှုန်းသက်သာသော ဝန်ဆောင်မှုဖြစ်ပါသည်။
အလုပ်မှ ခွင့်ယူရန်၊ လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားရောက်ရန်၊ အချိန်ကြာကြာ တန်းစီစောင့်ဆိုင်းရန် သို့မဟုတ် ရှုပ်ထွေးသော ဖောင်များကို ကိုယ်တိုင်ဖြည့်ရန် မလိုအပ်ပါ။ လိုအပ်သော စာရွက်စာတမ်းများကိုသာ ပေးပို့ပါ။ LaborWork မှ စာရွက်စာတမ်းများကို ပြင်ဆင်ပြီး အကြောင်းကြားခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးပါမည်။
နောက်တစ်ကြိမ် အကြောင်းကြားရမည့်ရက်မတိုင်မီ သတိပေးချက်လည်း ရရှိမည်ဖြစ်သဖြင့် ရက်လွန်ခြင်းကြောင့်ဖြစ်နိုင်သောဒဏ်ကြေးများအတွက် စိတ်ပူစရာမလိုပါ။
အချိန်ကုန်သက်သာပြီး ခရီးစရိတ်လည်းကုန်စရာမလိုပဲ ရက် 90 အကြောင်းကြားခြင်းကို စိတ်အေးချမ်းသာစွာ ပြီးမြောက်နိုင်ပါသည်။

ပါဝင်သည်များ

  • ရက် (၉၀) အကြောင်းကြားခြင်း ပြေစာ
  • သတ်မှတ်ရက်မတိုင်မီ သတိပေးခြင်း
  • အခြေအနေ စောင့်ကြည့်နိုင်ခြင်း

လိုအပ်သည်များ

  • Passport အချက်အလက်စာမျက်နှာနှင့် နောက်ဆုံးဗီဇာစာမျက်နှာ
  • ယခင် ရက် (၉၀) အကြောင်းကြားခြင်း ပြေစာ
  • ⚠️ မှတ်ချက် — သင်၏ ယခင် ရက် 90 အကြောင်းကြားခြင်း ပြေစာ သက်တမ်းကုန်ဆုံးနေပါက သို့မဟုတ် ယခင်ပြေစာကို တင်ပြနိုင်ခြင်းမရှိပါက သင်၏လျှောက်လွှာကို ရက်လွန်အဖြစ် သတ်မှတ်ပါမည်။ ရက်လွန်ဝန်ဆောင်ခ အပိုနှင့် အစိုးရမှ သတ်မှတ်သည့် ဒဏ်ကြေးများ ကျသင့်နိုင်ပါသည်။

━━━━━━━━━━━━━━━━━━━━━ ငွေပေးချေမှုနည်းလမ်း ━━━━━━━━━━━━━━━━━━

လက်ရှိတွင် QR Code ဖြင့် တိုက်ရိုက်ငွေပေးချေနိုင်မည့်စနစ်ကို ကျွန်ုပ်တို့ အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။ QR Code ငွေပေးချေမှုစနစ် အသုံးမပြုနိုင်ခင်ကာလအတွင်း Laborwork ၏ တရားဝင် ကုမ္ပဏီဘဏ်အကောင့်သို့ ငွေလွှဲခြင်းဖြင့် ငွေပေးချေရမည်ဖြစ်ပါသည်။

ဝန်ဆောင်မှုတောင်းဆိုချက်တင်ပြီးနောက် ဘဏ်အကောင့်အချက်အလက်များကို ပြသပေးမည်ဖြစ်ပါသည်။ ငွေလွှဲပြီးလျှင် ငွေပေးချေမှုကို စစ်ဆေးအတည်ပြုနိုင်ရန် ငွေလွှဲပြေစာကို Upload တင်ပေးပါ။

ဘဏ်အကောင့်မရှိသူများ သို့မဟုတ် ဘဏ်မှငွေလွှဲရန် အဆင်မပြေသူများသည် ကျွန်ုပ်တို့၏ရုံးသို့ ကိုယ်တိုင်လာရောက်၍ ငွေသားဖြင့် ပေးချေနိုင်ပါသည်။ ငွေသားဖြင့် ပေးချေမှုတိုင်းအတွက် တရားဝင်ငွေလက်ခံပြေစာ ထုတ်ပေးပါမည်။

စုစုပေါင်းပေးချေရမည့်ငွေ: ฿150

သင်၏ ရက် 90 အကြောင်းကြားခြင်းသည် သတ်မှတ်ကာလအတွင်း ရှိသေးခြင်း သို့မဟုတ် ရက်လွန်နေပြီဖြစ်ခြင်းကို အတည်ပြုနိုင်ရန် Laborwork ဝန်ထမ်းများမှ သင်၏စာရွက်စာတမ်းများကို စစ်ဆေးပါမည်။

ရက်လွန်နေပါက ထပ်ဆောင်းဝန်ဆောင်ခနှင့် အစိုးရမှ သတ်မှတ်သည့် ဒဏ်ကြေးများ ကျသင့်နိုင်ပါသည်။ ထပ်ဆောင်းငွေ မကောက်ခံမီ ကျွန်ုပ်တို့၏ဝန်ထမ်းမှ စုစုပေါင်းပမာဏကို ရှင်းပြပြီး သင့်ထံမှ အတည်ပြုချက် ရယူပါမည်။

လိုအပ်သောငွေပေးချေမှုကို လက်ခံရရှိပြီး စစ်ဆေးအတည်ပြုပြီးမှသာ လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပါမည်။

အခြား ဝန်ဆောင်မှုများ

နေရပ်လိပ်စာပြောင်းပြီး 24 နာရီအတွင်း
TM.30 နေထိုင်မှုအကြောင်းကြားစာ (အွန်လိုင်း)
ထိုင်းနိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားများအတွက် TM.30 အွန်လိုင်း နေထိုင်မှုအကြောင်းကြားခြင်း ဝန်ဆောင်မှု။ ပထမအကြိမ် ၈၀၀ ဘတ်၊ အရင်အသုံးပြုဖူးသူများအတွက် ၅၀၀ ဘတ် ဖြစ်ပါသည်။
฿500 မျှသာ
နိုင်ငံပြင်ပထွက်ခွာမီ လုပ်ရန်
Re-Entry Permit လျှောက်ထားခြင်း
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော နိုင်ငံခြားသားများအတွက် Re-Entry Permit လျှောက်ထားခြင်းဝန်ဆောင်မှု။ Single နှင့် Multiple Re-Entry Permit နှစ်မျိုးလုံး လျှောက်ထားနိုင်ပါသည်။
฿3,000 မျှသာ
ဝပ်ပါမစ်ကတ်ရပြီးသူများ
ပန်းရောင်ကတ် (Pink Card)
ဘတ်အသစ်လုပ်ထားသူတွေအတွက် Pink Card ကို လွယ်ကူစွာ ရယူနိုင်ပါတယ် — Passport (သို့) CI မရှိသေးလည်း ရနိုင်ပါတယ်။
฿1,000 မျှသာ