LaborWorkLABORWORK
စတင်ရန်
ဝင်ရန်စတင်ရန်

ပန်းရောင်ကတ် (Pink Card)နိုင်ငံခြားသားအလုပ်သမား အတွက် ဝန်ဆောင်မှု

 ပန်းရောင်ကတ် (Pink Card)နိုင်ငံခြားသားအလုပ်သမား အတွက် ဝန်ဆောင်မှု
ပန်းရောင်ကတ် ပြုလုပ်ရန် လိုအပ်သော စာရွက်စာတမ်းများ (2026) ၁။ အလုပ်ရှင်၏ စာရွက်စာတမ်းများ လူပုဂ္ဂိုလ် အလုပ်ရှင် မှတ်ပုံတင် မိတ္တူ အိမ်ထောင်စုစာရင်း မိတ္တူ နေရာပြမြေပုံ ကုမ္ပဏီ အလုပ်ရှင် (Juristic Employer) ကုမ္ပဏီမှတ်ပုံတင်စာရွက် အပြည့်အစုံ (၃ လအတွင်း ထုတ်ပေးထားသော) အာဏာပိုင်လက်မှတ်ရေးထိုးသူ၏ မှတ်ပုံတင် မိတ္တူ အာဏာပိုင်လက်မှတ်ရေးထိုးသူ၏ အိမ်ထောင်စုစာရင်း မိတ္တူ အလုပ်ရှင်သည် အိမ်ပိုင်ရှင် မဟုတ်ပါက အိမ်ပိုင်ရှင်ထံမှ - မှတ်ပုံတင် မိတ္တူ အိမ်ထောင်စုစာရင်း မိတ္တူ နေထိုင်ခွင့်ပြုစာ ထပ်မံလိုအပ်ပါသည်။ ၂။ နိုင်ငံခြားသားအလုပ်သမား၏ စာရွက်စာတမ်းများ Passport နှင့် Visa အလုပ်လုပ်ခွင့် လျှောက်ထားမှု လက်ခံစာ (ဘတ.၅၀ / Bor Tor 50) ယခင် ပန်းရောင်ကတ် သို့မဟုတ် တ.ရ.၃၈/၁ (ရှိပါက) ကျန်းမာရေးအာမခံ သို့မဟုတ် လူမှုဖူလုံရေး ရောဂါ ၆ မျိုး ဆေးစစ်ချက်လက်မှတ် တ.ဘ.၁ ဖောင် ⚠️ အလုပ်သမားကိုယ်တိုင် လာရောက်ရန် လိုအပ်ပါသည်။ ပန်းရောင်ကတ် ပြုလုပ်နိုင်သော နေရာများ ဘန်ကောက် ဘန်ကောက်မြို့ရှိ ခရိုင်ရုံး (District Office) ၅၀ ခုတွင် ပြုလုပ်နိုင်ပါသည်။ ရက်ချိန်းယူရန် - http://nonthaiidbkk.bangkok.go.th အခြားပြည်နယ်များ သတ်မှတ်ထားသော ရက်ချိန်းနေရာအတိုင်း - ခရိုင်ရုံး (Amphoe) မြို့နယ်ရုံး (Municipality) များတွင် ဆောင်ရွက်နိုင်ပါသည်။ ပန်းရောင်ကတ် ပြုလုပ်ခြင်း လုပ်ငန်းစဉ် (2026) အဆင့် (၁) ရက်ချိန်း Booking ပြုလုပ်ခြင်း အဆင့် (၂) လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ခြင်း အဆင့် (၃) သတ်မှတ်ထားသော ရက်နှင့်အချိန်တွင် သွားရောက်ခြင်း အဆင့် (၄) ဓာတ်ပုံရိုက်ခြင်းနှင့် ကိုယ်ရေးအချက်အလက် မှတ်တမ်းတင်ခြင်း အဆင့် (၅) နိုင်ငံခြားသားမှတ်ပုံတင်ကတ် (ပန်းရောင်ကတ်) လက်ခံရယူခြင်း ဘာကြောင့် LaborWork ကို ရွေးချယ်သင့်ပါသလဲ? ✅ နိုင်ငံခြားသားအလုပ်သမား ဝန်ဆောင်မှု အတွေ့အကြုံရှိခြင်း ✅ စာရွက်စာတမ်း အမှားအယွင်း လျှော့ချနိုင်ခြင်း ✅ မြန်မာဘာသာဖြင့် ဆက်သွယ်နိုင်ခြင်း ✅ လုပ်ငန်းစဉ် တစ်ခုလုံးကို ကူညီပေးခြင်း ✅ အလုပ်ရှင်များအတွက် အချိန်ကုန်သက်သာစေခြင်း
ဆောင်းပါးအားလုံး

ဘလော့မှ နောက်ထပ်ဆောင်းပါးများ

News
ရွှေ့ပြောင်းအလုပ်သမားများသတိပြုရန်

Work Permit ၁ နှစ်တိုးခွင့်ရသော်လည်း Passport နှင့် Visa လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း မဖြစ်မနေ ဆောင်ရွက်ရမည်။ (ဘန်ကောက် | LaborWork News)

ဆက်ဖတ်ရန်
မြန်မာအလုပ်သမားများအတွက် အရေးကြီးသတင်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှစတင်သက်တမ်းတိုးနိုင်ပါပြီ!

လာအို 🇱🇦 | မြန်မာ 🇲🇲 | ဗီယက်နမ် 🇻🇳 နိုင်ငံသား အလုပ်သမားများအတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ အစိုးရအဖွဲ့ဆုံးဖြတ်ချက် အရ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ အထူးခွင့်ပြုချက်ဖြင့် အလုပ်လုပ်ကိုင်ခွင့်ရရှိထားသော အလုပ်သမားများသည် Work Permit ကို နောက်ထပ် ၁ နှစ် သက်တမ်းတိုးလျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ဆက်ဖတ်ရန်
knownladge Sharing
📌 ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ထားရှိသင့်သော အာမခံအမျိုးအစားများ (၂၀၂၆)

အလုပ်လုပ်နေတဲ့သူတိုင်းအတွက် "အာမခံ" ဆိုတာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကို ငွေကြေးပိုင်းဆိုင်ရာ ကာကွယ်ပေးတဲ့ အရေးကြီးတဲ့ အကာအကွယ်တစ်ခုဖြစ်ပါတယ်။

၂၀၂၆ ဩ ၁ဆက်ဖတ်ရန်