📌 WP.62 (Temporary Work Permit) ဆိုတာ ဘာလဲ?
WP.62 သည် Work Permit ကို အတည်ပြု (ဝပ်ပါမစ်စာရွက်) ရရှိထားသော်လည်း၊ Work Permit ကတ်ပြား သို့မဟုတ် စာအုပ်အမှန် ထုတ်ပေးရန် စောင့်ဆိုင်းနေသည့် ကာလအတွင်း အသုံးပြုနိုင်သော "တရားဝင် ယာယီအလုပ်လုပ်ခွင့်အထောက်အထားစာရွက်စာတမ်း" ဖြစ်ပါသည်။
📌 ဘယ်သူတွေ ရရှိနိုင်မလဲ?
Work Permit ခွင့်ပြုချက် (ဝပ်ပါမစ်စာရွက်) ရရှိပြီးသား သူများ
Work Permit ကတ်ရိုက်ရန် ရက်ချိန်းစောင့်ဆိုင်းနေသူများ
❌ (မှတ်ချက် - Work Permit လျှောက်ထားဆဲ သို့မဟုတ် မအတည်ပြုရသေးသူများအတွက် အကျုံးမဝင်ပါ။)
📌 WP.62 ရှိလျှင် ဘာတွေလုပ်နိုင်မလဲ?
တရားဝင် အလုပ်လုပ်ခွင့်အထောက်အထားအဖြစ် ခိုင်လုံစွာ အသုံးပြုနိုင်ခြင်း။
Work Permit ကတ်မရသေးသော်လည်း ဥပဒေနှင့်အညီ လုပ်ငန်းခွင်အတွင်း စိတ်အေးချမ်းသာစွာ ဆက်လက်လုပ်ကိုင်နိုင်ခြင်း။
လက်ရှိလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါက အလုပ်ရှင်ပြောင်းလဲခြင်း (Change Employer / แจ้งเข้า–แจ้งออก) လုပ်ငန်းစဉ်များကိုပါ ဆောင်ရွက်နိုင်ခြင်း။
📌 WP.62 တွင် ပါဝင်မည့် အဓိကအချက်အလက်များ အလုပ်သမား၏ ကိုယ်ရေးအချက်အလက်၊ နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ အလုပ်ရှင်အမည်နှင့် လုပ်ငန်းခွင်တည်နေရာတို့အပြင် တရားဝင်မှုရှိ/မရှိ လွယ်ကူလျင်မြန်စွာ စစ်ဆေးနိုင်မည်ဖြစ်ပါသည်
⚠️ အရေးကြီးသောအချက် WP.62 သည် Work Permit အသစ် (သို့မဟုတ်) အမျိုးအစားသစ် ထုတ်ပေးခြင်းမဟုတ်ပါ။
Work Permit ခွင့်ပြုချက်ရရှိပြီးသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့်ကို ခိုင်လုံစွာ အထောက်အထားပြုရန် ယာယီအသုံးပြုနိုင်သော စာရွက်စာတမ်းသာ ဖြစ်ပါသည်။ ဤစနစ်ကို မိတ်ဆက်လိုက်ခြင်းဖြင့် Work Permit ကတ်ထုတ်ပေးမှု နှောင့်နှေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အလုပ်အကိုင်အခက်အခဲများကို များစွာလျှော့ချပေးနိုင်မည်ဟု ယုံကြည်ပါသည်။
အလုပ်သမားရေးရာကိစ္စရပ်များ၊ WP.62 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသည်များ သို့မဟုတ် Work Permit လျှောက်ထားခြင်း နှင့်အခြားသောဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ရယူလိုပါက LaborWork Company Limited သို့ ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင်လာရောက်၍ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ရုံးချုပ်လိပ်စာ
အမှတ် 304/6-8၊ ပရာချာဦးထစ်လမ်း (Pracha Uthit Road)၊ ဘန်မော့ (Bang Mot) ရပ်ကွက်၊ သုန်ခရု (Thung Khru) မြို့နယ်၊ ဘန်ကောက်မြို့ 10140၊ ထိုင်းနိုင်ငံ။
LaborWork Company Limited ၏တရားဝင် Facebook page မှဖြင့်စေ ရုံးသို့ လူကိုယ်တိုင်လာရာက်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျ။
ဆက်သွယ်ရန် ဖုန်း
099-179-8701 🏴
061-778-7705 🇲🇲
094-524-1235 🇹🇭
082-737-1236 🇹🇭
Facebook Messenger @LaborworkOfficial ၏ မက်ဆင်ဂျာ မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။



