📱 1. M-Workpermit စနစ် Visa အချက်အလက်ကို စနစ်ထဲမှာ Update လုပ်ပြီး Visa တံဆိပ်နံပါတ် (Visa Stamp Number) ပါဝင်တဲ့ အသစ် Update လုပ်ထားသော Work Permit (PDF) ကို Download ရယူပြီးတာနဲ့ Smart Card ရိုက်စရာမလိုဘဲ အလုပ်ရှင်ပြောင်းလဲမှုကို ချက်ချင်း ဆောင်ရွက်နိုင်ပါတယ်။
ဤစနစ်ဖြင့် လျှောက်ထားသူများ • ထိုင်းအစိုးရ Cabinet Resolution (မတီ) 24 စက်တင်ဘာ 2024 နှင့် 8 ဇူလိုင် 2025 လက်ခံနံပါတ် (Reference Number) MWP-XXXXXX မှတ်ချက် - အဆိုပါ Cabinet Resolution အရ Work Permit ကို M-Workpermit နှင့် E-Workpermit စနစ် နှစ်မျိုးလုံးဖြင့် ထုတ်ပေးနိုင်ပါသည်။
💳 2. E-Workpermit စနစ် Work Permit အတည်ပြုပြီးသော်လည်း Smart Card ရိုက်နှိပ်ပြီးမှသာ အလုပ်ရှင်ပြောင်းခြင်း သို့မဟုတ် အခြားလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ပါသည်။ E-Workpermit စနစ်ဖြင့် လျှောက်ထားသည့်
Cabinet Resolution (မတီ) များ
• 11 နိုဝင်ဘာ 2025 → လက်ခံနံပါတ် 68115000XXXXXX
• 2 ဒီဇင်ဘာ 2025 → လက်ခံနံပါတ် 69125200XXXXXX
• 24 စက်တင်ဘာ 2024 / 8 ဇူလိုင် 2025 → လက်ခံနံပါတ် 68125000XXXXXX
⏳ Work Permit သက်တမ်းကုန်ဆုံးရက် (Expiry Date) ကို ဘယ်လိုစစ်မလဲ?
📄 M-Workpermit (PDF) "Valid Until / အကျုံးဝင်သည့်ရက်" ကို စာမျက်နှာအပေါ်ညာဘက် သို့မဟုတ် Visa အချက်အလက်ဇယားတွင် စစ်ဆေးပါ။
💳 Smart Card (E-Workpermit) ကတ်၏ နောက်ကျောဘက်ရှိ "Expiry Date / วันหมดอายุ" ကို စစ်ဆေးပါ။
📑 ဘတ.50 (บต.50) / အလုပ်သမားမှတ်တမ်း "အလုပ်လုပ်ခွင့်ကာလ (ระยะเวลาการอนุญาตทำงาน)" တွင် စစ်ဆေးနိုင်ပါသည်။
⚠️ အရေးကြီး Work Permit သက်တမ်းကုန်ဆုံးရက်ကို အနည်းဆုံး ရက် 30 ကြိုတင် စစ်ဆေးထားသင့်ပါသည်။ သက်တမ်းကုန်သွားပါက အလုပ်ရှင်ပြောင်းခြင်းကို ချက်ချင်း ဆောင်ရွက်နိုင်မည်မဟုတ်ပါ။
📞 အလုပ်သမားစာရွက်စာတမ်းများနှင့် ပတ်သက်၍ အကြံပေးဆွေးနွေးလိုပါက
📱 ဖုန်း 0991798701,0945241235,0617787705
💬 Line Official : @LaborworkOfficial
📘 Facebook : LaborWork Company Limited
🌐 Website : www.laborwork.co.th



