LaborWorkLABORWORK
စတင်ရန်
ဝင်ရန်စတင်ရန်

📌 ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ထားရှိသင့်သော အာမခံအမျိုးအစားများ (၂၀၂၆)

📌 ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ထားရှိသင့်သော အာမခံအမျိုးအစားများ (၂၀၂၆)

1️⃣ SSO (Social Security – ประกันสังคม)

⭐ မဖြစ်မနေရှိသင့်တရားဝင်အလုပ်လုပ်နေသူများအတွက် လူမှုဖူလုံရေးစနစ်အကျိုးခံစားခွင့်များ

  • 🏥 ဆေးရုံကုသခွင့်

  • 🤒 နာမကျန်းထောက်ပံ့ကြေး

  • 🤰 ကိုယ်ဝန်ဆောင်နှင့် မွေးဖွားစရိတ်

  • 👶 ကလေးမွေးဖွားထောက်ပံ့ကြေး (သတ်မှတ်ချက်နှင့်အညီ)

  • ♿ မသန်စွမ်းထောက်ပံ့ကြေး

  • ⚰️ ဈာပနစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်

  • 💼 အလုပ်လက်မဲ့ထောက်ပံ့ကြေး (သတ်မှတ်ချက်နှင့်အညီ)

  • 👴 အငြိမ်းစားအကျိုးခံစားခွင့်

2️⃣ Workmen's Compensation (เงินทดแทน)

⭐ အလုပ်ခွင်မတော်တဆမှုအတွက်အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာ၊ မသန်စွမ်းမှု သို့မဟုတ် သေဆုံးမှု ဖြစ်ပွားပါက ဥပဒေအရ အလုပ်ရှင်မှ ထားရှိပေးရသော အကာအကွယ်စနစ်။

အကျိုးခံစားခွင့်များ

  • 🏥 ဆေးကုသစရိတ်

  • 💵 ဝင်ငွေအစားထိုးထောက်ပံ့ကြေး

  • ♿ မသန်စွမ်းထောက်ပံ့ကြေး

  • ⚰️ လျော်ကြေးနှင့် ဈာပနစရိတ်

3️⃣ Personal Accident Insurance (PA)

⭐ ထားရှိသင့်နေ့စဉ်ဘဝတွင် ဖြစ်နိုင်သော မတော်တဆမှုများအတွက် အကာအကွယ်။အကျိုးခံစားခွင့်များ

  • 🚑 မတော်တဆထိခိုက်မှု ကုသစရိတ်

  • 🦴 အရိုးကျိုး၊ မသန်စွမ်းမှု လျော်ကြေး

  • ⚰️ မတော်တဆသေဆုံးပါက အာမခံငွေ

4️⃣ Health Insurance (ကျန်းမာရေးအာမခံ)

SSO မလုံလောက်သော ကုသမှုများနှင့် ပုဂ္ဂလိကဆေးရုံများတွင် ကုသလိုသူများအတွက် သင့်တော်သည်။

အကျိုးခံစားခွင့်များ

  • 🏥 ဆေးရုံတက်ကုသမှု

  • 🩺 ခွဲစိတ်ကုသမှု

  • 💊 ဆေးကုသစရိတ် (အစီအစဉ်အလိုက်)

5️⃣ Life Insurance (အသက်အာမခံ)

မိသားစု၏ ငွေကြေးလုံခြုံမှုကို ကာကွယ်ပေးသော အာမခံ။

အကျိုးခံစားခွင့်များ

  • ❤️ သေဆုံးပါက အကျိုးခံစားခွင့်ရှိသူထံ အာမခံငွေ ပေးအပ်ခြင်း

  • 👨‍👩‍👧‍👦 မိသားစု၏ ငွေကြေးအခက်အခဲကို လျှော့ချပေးနိုင်ခြင်း

📢 အကြံပြုချက်

✅ SSO ရှိ/မရှိ စစ်ဆေးပါ။

✅ အန္တရာယ်များသောအလုပ်လုပ်သူများ PA Insurance ထပ်မံထားရှိပါ။

✅ မိသားစုကို ကာကွယ်လိုသူများ Life Insurance ကို စဉ်းစားပါ။

✅ အာမခံမဝယ်မီ အကျုံးဝင်မှုနှင့် စည်းကမ်းချက်များကို သေချာဖတ်ရှုပါ။

မှတ်ချက်

SSO နှင့် Workmen's Compensation သည် ထိုင်းဥပဒေအရ သတ်မှတ်ထားသော လူမှုဖူလုံရေးနှင့် အလုပ်ခွင်အကာအကွယ်စနစ်များဖြစ်သည်။ Health Insurance နှင့် Life Insurance ကဲ့သို့သော ပုဂ္ဂလိကအာမခံများ၏ အကျုံးဝင်မှုနှင့် အကျိုးခံစားခွင့်များမှာ အာမခံကုမ္ပဏီနှင့် အစီအစဉ်အလိုက် ကွာခြားနိုင်ပါသည်

ဆောင်းပါးအားလုံး

ဘလော့မှ နောက်ထပ်ဆောင်းပါးများ

News
ရွှေ့ပြောင်းအလုပ်သမားများသတိပြုရန်

Work Permit ၁ နှစ်တိုးခွင့်ရသော်လည်း Passport နှင့် Visa လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း မဖြစ်မနေ ဆောင်ရွက်ရမည်။ (ဘန်ကောက် | LaborWork News)

ဆက်ဖတ်ရန်
မြန်မာအလုပ်သမားများအတွက် အရေးကြီးသတင်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှစတင်သက်တမ်းတိုးနိုင်ပါပြီ!

လာအို 🇱🇦 | မြန်မာ 🇲🇲 | ဗီယက်နမ် 🇻🇳 နိုင်ငံသား အလုပ်သမားများအတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ အစိုးရအဖွဲ့ဆုံးဖြတ်ချက် အရ ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ အထူးခွင့်ပြုချက်ဖြင့် အလုပ်လုပ်ကိုင်ခွင့်ရရှိထားသော အလုပ်သမားများသည် Work Permit ကို နောက်ထပ် ၁ နှစ် သက်တမ်းတိုးလျှောက်ထားနိုင်မည် ဖြစ်ပါသည်။

ဆက်ဖတ်ရန်
Knowladge Sharing
📌 ဘယ် Work Permit အဖွဲ့ က အလုပ်ရှင်ပြောင်းလို့ရသလဲ?

အလုပ်ရှင်ပြောင်းဖို့ စီစဉ်ထားသူများအတွက် မဖြစ်မနေ သိထားသင့်တဲ့ အချက်ပါ။ Work Permit (အလုပ်လုပ်ခွင့်လက်မှတ်) စနစ်တစ်ခုချင်းစီမှာ လုပ်ဆောင်ရမယ့်အဆင့်တွေ မတူတဲ့အတွက် မသိဘဲလုပ်မိရင် အချိန်ကုန်ပြီး အလုပ်နှောင့်နှေးနိုင်ပါတယ်။

၂၀၂၆ ဇူ ၂၆ဆက်ဖတ်ရန်